သမုဒယအတုံးအခဲတဲ့...
တည်ငြိမ်မှုရဲ့ နောက်ကွယ်မှာ
တိကျသော သိရှိခြင်းတွေ ရှိတယ်။
အသံတွေဟာ နားထဲကို ခုန်ပေါက်ဝင်
ဂုတ်ကြားဆီကလည်း ဖြစ်မယ်
မဟုတ်မတရားတွေနဲ့ တန်ဆာဆင်ထားတာလည်း ဖြစ်မယ်
မသက်ဆိုင်တော့တာကလည်း
အသေအချာ ရေရေရာရာ
နင်းခဲ့တဲ့ ရက်တွေကို ပြန်လှည့်ကြည့်
ကြွနေတဲ့ ခြေလှမ်းကို ငုံကြည့်ရင်း
ကိုယ့်အဖို့လည်း
တနင့်တပိုးတော့ ဖြစ်ခဲ့တယ်။