Followers

Monday, August 27, 2018

တစ္ဆေ (၆)

တစ္ဆေ (၆)

အလုပ်သင်တစ္ဆေသာ ဖြစ်ကြောင်း
အော် အော် ပြောရတာ ငါ့မှာ
သူတို့တွေကလည်း
ကြောက်တတ်လိုက်တာ
အလုပ်သင်တစ္ဆေသာ ဖြစ်ပါ‌ကြောင်း
အော် အော် ပြောရတာ ငါ့မှာ။

(တစ္ဆေ ကဗျာစုများ)

တစ္ဆေ (၅)

တစ္ဆေ (၅)

ခြေသံမကြားရအောင်
ငါ အသာနင်း
ဘယ်သူ့မှ မသိအောင်ပါ
အမှောင်ထုထဲ ခဏခိုမယ်
တစ်ယောက်တည်းဆိုတော့
ငါ....
ကြောက်တယ်။

(တစ္ဆေကဗျာစုများ)

Saturday, August 25, 2018

ဧဒင်

အကြိမ်ကြိမ်အခါခါ လဲပြို
အကြိမ်ကြိမ်အခါခါ ငါရှုံး
အမြဲစကားတစ်ခွန်း ပြောမိတယ်
နောက်..........ဘယ်တော့မှ....

ပြီးတော့ ပြန်ပြီးထတယ်
အမှတ်မရှိသလိုမျိုးပေါ့
အတွေးကို ထိခတ်နေတာက
မိုးစက်တွေများလား?...

ဒီလိုနဲ့  မိုးချုပ်ပြန်ပြီ
အ‌မှောင်ထဲမှာတောင် နေသားကျ
တစ်ပိုင်းတစ်စဆိုနေကြသီချင်းကို
ကော်ဖီခွက်ထဲ ထည့်မျှောလိုက်တယ်
ခပ်တိုးတိုးတစ်ခွန်း‌ ထပ်ပြောရင်း
မနက်မိုးလင်းမှာ ငါမလိုချင်...

Monday, August 13, 2018

တစ္ဆေ (၄)

တစ္ဆေ (၄)

ပျော်ရွှင်ခြင်းအကုန်
မင်းဆီ လာပါစေ။
တိတ်ဆိတ်ခြင်းသာ
ငါဆီ ကျန်ခဲ့ပါ။

(တစ္ဆေ ကဗျာစုများ)

Saturday, August 4, 2018

ယခု

နေရတာ မကောင်း
ခေါင်းအုံ
ဇက်ကြောတက်
ငွေနောက်လိုက်ချင်
ဝနေတယ်
‌တစ်နေ့ နောက်တစ်နေ့
အကုန်အတူတူ
ပြီးတော့လည်း...
ဒါပါပဲ။

တစ္ဆေ (၃)

တစ္ဆေ (၃)

အားရပါးရကို ခြောက်လှန့်ပြီးချိန်မှာ
တစ္ဆေဟာ
ခဏထိုင်အမောဖြေနေ‌ရဲ့
ငါ့မှာသာ...

(တစ္ဆေကဗျာစုများ)

တစ္ဆေ (၂)

တစ္ဆေ (၂)

မကြောက်တတ်တဲ့
အယောင်ဆောင်ထားသော
ငါ
ခြောက်လှန့်တတ်တဲ့
အယောင်ဆောင်ထားသော
နင်...

(တစ္ဆေကဗျာစုများ)

တစ္ဆေ (၁)

တစ္ဆေ (၁)

မင်းနာမည်?
ငါမသိတော့...

(တစ္ဆေကဗျာစုများ)