အကြိမ်ကြိမ်အခါခါ လဲပြို
အကြိမ်ကြိမ်အခါခါ ငါရှုံး
အမြဲစကားတစ်ခွန်း ပြောမိတယ်
နောက်..........ဘယ်တော့မှ....
ပြီးတော့ ပြန်ပြီးထတယ်
အမှတ်မရှိသလိုမျိုးပေါ့
အတွေးကို ထိခတ်နေတာက
မိုးစက်တွေများလား?...
ဒီလိုနဲ့ မိုးချုပ်ပြန်ပြီ
အမှောင်ထဲမှာတောင် နေသားကျ
တစ်ပိုင်းတစ်စဆိုနေကြသီချင်းကို
ကော်ဖီခွက်ထဲ ထည့်မျှောလိုက်တယ်
ခပ်တိုးတိုးတစ်ခွန်း ထပ်ပြောရင်း
မနက်မိုးလင်းမှာ ငါမလိုချင်...
No comments:
Post a Comment