Followers

Wednesday, June 15, 2016

အဆင်ပြေမလား

အဆင်ပြေမှာပါလို့ ...
ငါ ပြောတယ်။
ပြီးတော့ စာလုံးအချို့ကို ချရေး
စာရွက်တွေကို ပြန်ဖတ်
ကော်ဖီတစ်ခွက်လည်း ငါသောက်လိုက်သေးတယ်။
ခဏလောက်တော့
ဟိုငေးဒီတွေး
စာပြန်ဖတ် စာပြန်ရေး
ဒီကော်ဖီဘဲ ထပ်သောက်ရင် ကောင်းမလား?
အဆင်ပြေမှာပါလို့ ... ငါပြောတယ်
ငါ့ကိုယ်ငါပါ...
ငါ့တစ်ကိုယ်စာ ကြားရုံဘဲ
ဖြေးဖြေးခြင်း နောက်တစ်ခေါက် ထပ်ပြောတယ်
အဆင်ပြေမှာပါလို့ ...

Monday, June 13, 2016

Personal space

Personal Space ဆိုတာ ရှိတယ် ငါ့ရှင်တို့ရဲ့ ...
အဲ့ဒါလေးလည်း ဂရုစိုက်ကြ...
ခွေးတောင် ချောင်ပိတ်မိသွားရင် အသားကုန်သွားဖြဲပြီး အော်နေတာမျိုးတွေ့ဘူးတယ် ဟုတ်....
နောက်တစ်မျိုးကြ အသံကို မထွက်တော့ဘဲ ငြိမ်သွားတာမျိုး ....
ဘာမှကို ပြန်မပြောဘူး ဘာအသံမှ မထွက်တော့တိုင်း...
တည်ငြိမ်နေတာ တည်ကြည်လိုက်တာလို့ ထင်မနေကြနဲ့ ...
လုပ်ချင်တာလုပ်သွား ဖြစ်ချင်တာဖြစ်တော့ ဆိုပြီး စိတ်ကုန်နေတာမျိုးလည်း ရှိပါ့ ...
အဲ့လို ...

Friday, June 3, 2016

မအေးကိုချစ်လို့ပါ

ရေး - လွှမ်မိုး
ဆို - မာရဇ္ဇ

နွေ.. ပန်းကလေးများ.. တိတ်တခိုး.. အနမ်းနဲ့.. ဝေဆာ.. ပွင့်ဖူး.. ချိန်..
ရွက်စိမ်း.. နုနု.. အချစ်ဖူး.. ကလေးတွေ.. ရှင်သန်.. ပေါက်ဖွားကာ..
ဆန္ဒရှိတဲ့.. တို့ရဲ့.. အသိမှာ.. တနေရာဆီ.. ဝေးကာ.. မမြင်လည်း.. လွမ်း.. တယ်..
မအေးရယ်.. ချစ်လို့ပါကွယ်..

ခဲလုံးကလေး.. ထိခဲ့ဖူးတဲ့.. စာသူငယ်လေးရယ်..
နာကျင်.. ခံစားခဲ့ဖူးရင်.. သူလေ.. မှတ်ထားမယ်..
တို့ကတော့.. မေ့ဖျောက်လို့သာ.. အကြင်နာတွေ.. မပျက်တာ.. ဘာကြောင့်လဲ.. ဟယ်..
မအေးရယ်.. ချစ်လို့ပါကွယ်..

မမြင်သာ.. မခင်သာ.. သူတွေရဲ့.. ကြားမှာ.. ကိုယ်လေ.. ကျန်ခဲ့တောင်.. တမင်တကာ.. ကျောခိုင်း.. လျှောက်လို့.. လမ်းစဖျောက်ကာ.. လေလို.. လွင့်မျော. ချိန်.. နေလို.. ကမ္ဘာလို.. အသင်္ချေ.. ဝေးလွန်းတဲ့.. မြေ.. နေရာဆီလည်းလေ.. ပြေးသွားကြည့်ပါ.. ရှာမှာပဲလေ..

စကားမပြောတဲ့.. လောကကြီးကို.. တိုင်ကာ.. မငိုတော့ပါ..
ပန်းကလေးများ.. မလန်းတဲ့.. အဖြစ်ဟာ.. နေရောင်..မမြင်လို့ပါ..
မငြိမ်းချမ်းတဲ့.. စကားများ.. ပြောကာ.. အကြင်နာတွေ.. မလျော့တာ.. ဘာကြောင့်လဲ.. ဟယ်..
မအေးရယ်.. ချစ်လို့ပါကွယ်..

မယ်တင်

ရေး - အရိုး
ဆို - ဟန်ထူးလွင်

အရင်လိုပဲ ဖုန်တွေကြားထဲ ယိုင်တိုင်တိုင်လှည်းကြီးမောင်းရင်းနဲ့
အရင်လိုပါပဲ အသံကြောင်တတ်တဲ့ မယ်ဒလင်လက်သံစမ်းနေခဲ့
အရင်လိုပါပဲ ချဉ်ပေါင်ဟင်းနဲ့ကြုံရာဝါးပြစ်တဲ့ ဝါးရင်းနဲ့
အဆင်ပြေရင်လည်း ငါတွေးနေရင်းနဲ့ မယ်တင်နင်ငါ့ကိုလွမ်းပါရဲ့
ရောင်နီလာမဲ့ မိုးသောက်တိုင်းငါလွမ်းတယ် နေနီရင်လည်း ထမ်းတော
ထဲက လွမ်းတယ် တောင်ပေါ်တတ်ရင်း ဖက်ခုတ်ရင်းငါလွမ်းတယ်
မယ်တင်နင်လည်း ငါ့ကိုမမေ့ပါနဲ့
အရင်လို်ပါပဲ အိမ်ခေါင်မိုးလည်း ကြယ်ရောင်စုံလင်းလက်တောက်ပဆဲ
အိမ်ပေါ်မှာလည်း ငါခေါ်တင်ထားတဲ့ ပိန်ညောင်ညောင်
ခွေးတစ်ကောင်ရောက်နေတယ်
မရည်ရွယ်ပါဘဲ ပေါင်ဖြစ်သွားတဲ့ နင်မှန်မှန်ချက်တဲ့ ထမင်းအိုးလည်း
အဆင်ပြေမှပဲ ငါပြန်ရွေးမယ် မယ်တင်ငါ့ကို စိတ်မကုန်နဲ့
ဆီကုန်နေတဲ့မီးခွက်ကြီးလည်း လွမ်းတယ် ယောင်ချာချာနဲ့ ဝက်မကြီးလည်း
လွမ်းတယ် ဖုန်တင်နေတဲ့ ကျောက်ပြင်ကြီးလည်း လွမ်းတယ်
မယ်တင် ငါလည်း နင့်ကိုလွမ်းပါရဲ့
ဒီလိုနဲ့ပဲ ရွာမှာရှိတဲ့ လူတွေက မေးငေါ့နှာခေါင်းရှံ့ခဲ့
နင်ပြန်လာမှ အကုန်လိုက်တောင်းမဲ့ ငါယူတဲ့အကြွေတွေဝိုင်းနေတယ်
အရင်လိုပါပဲ ရွာအဝင်လမ်းထဲ ငါမှုင်တွေငေးမောရင်နဲ့ပဲ
အဆင်ပြေရင်တော့ ငါသိပ်လွမ်းလို့ အိမ်အပြန်နင့်ကိုတွေ့ချင်ရဲ့
အလူတွေကလည်း အကြွေးတောင်းရအောင် လွမ်းမယ်
ဗီဒီယိုရုံက ဦးတုတ်ကြီးလည်း  လွမ်းတယ်
ရွာသူတွေလည်း အတင်းပြောရအောင်  လွမ်းတယ်
မယ်တင် ငါလည်း နင့်ကိုလွမ်းပါရဲ့

Monday, May 30, 2016

အတ္တ

#အတ္တ

ဒီနေ့
အမှတ်မထင်
ငါ့   ရင်ထဲက အတ္တ ကို
ဖျတ်ကနဲ တွေ့လိုက်တယ်...

အတ္တဟာ ညစ်ညမ်းတဲ့ အလုပ်ကို လုပ်တယ်
အတ္တဟာ ညစ်ထပ်ထပ်အသွင်ကို ဆောင်တယ်
အတ္တဟာ မဖြူစင်တဲ့ သဘောလည်း ရှိတယ်
အတ္တဟာ မှိုင်းမှိုင်းနောက်နောက် အတွေးတွေလည်း တွေးတယ်
အတ္တဟာ ...

တစ်ချိန်လုံး  သတိမရှိဘဲ
ခင်တွယ်မိနေခဲ့တဲ့ အတ္တကို
ဒီနေ့ ...
ငါ ...
မနှစ်သက်ခဲ့ဘူး ...

May 31 2016

Thursday, May 19, 2016

Sleeping Tonight

Some are too earily
Some are too late
Some are not meant to take or
Some are not meant to make mistake
Some shall never be exist or
Some shall never be fake
Some shall never be inhabit or
Some shall never be make
To there the day to fly away, some shall lying in hate
To there with full escape, some might sleep for sake
To there to make same mistake, some might sleep for sake.

10: 00 pm 18 May 2016

Thursday, May 12, 2016

The carrots are cooked.

The carrots are cooked.
Idiomatic meaning: I’ve had enough!
Meaning: It's over! You're about to face consequences. 
something is done and there's no turning back. 

Saturday, May 7, 2016

ဝိတ်ချနေတယ်နော့

ခု 75 kg something ရှိဘီ
Target က 68 kg လေ...
ဒီနှုန်းအတိုင်းဆို ရှေ့လထဲ မှာ ရမှာပါ ...

Thursday, May 5, 2016

၁၁ နာရီ ၄၈ မိနစ်

ကျောပိုးအိတ်ရယ်
အတောင်ပံရယ်
အချိန်လူးနေတဲ့ နာရီရယ်
အဲ့ဒါတွေ အကုန် ...
ငါ  ပြန်လိုချင်တယ်။

Wednesday, May 4, 2016

ဒီလိုပဲ မာရီယာ

ဒီလိုပဲ မာရီယာ
အမှန်တရားဆိုတာ နာကျင်စရာကောင်းတယ်။

လူအုပ်ကြီးရဲ့ အော်ဟစ်သံ အဆုံးမှာ
ခရစ်တော်ရဲ့ လက်ဖဝါးပြင်တွေကို
သံချောင်းတွေ ဖောက်ဝင်သွားကြတယ်။
ပူပန်တတ်သူတွေ အဟားခံရပြီး မြင်းရုပ်ကြီး ထရိုဂျိ်မြို့ထဲ ရောက်လာတယ်။
ဆိုကရေးတီး အဆိပ်တစ်ခွက်မော့သောက်တယ်။
ဘရူးတပ်ရဲ့ စကားကို လူတွေလက်ခုပ်တီးကြတယ်။
ကင်းဝန်မင်းကြီး အတွက် ထမီတစ်ထည် ပြုတ်ကျလာတယ်။

ဒီလိုပဲ မာရီယာ
ဆောင်းကုန်တိုင်းနွေ မရောက်တတ်တာကို ရှင်းပြဖိုု ့ကြိုးစားတိုင်း
ငါ အလယ်ခေတ်ရဲ့ စုန်းကဝေပဲ ဖြစ်ခဲ့တယ်။

နီးနီးလေးနဲ့ဝေးတဲ့ကြား ပွဲစားတွေက ၀င်ကစားတော့
မနက်ဖန် ပေါက်စျေးက ခန့်မှန်းရပ်ိုခက်လာတယ်။

သုတေသနရလာဒ်တွေက
တားမြစ်ဆေးသုံးထားတယ်။
ဒီလိုနဲ့ ရေဒီယိုထဲက စကားလုံးတွေ
ငါ့ဘေးနားကလူရဲ့ပါးစပ်ကထွက်လာတယ်။

ဒီမိုကရေစီ တပြိုက် နှစ်ပြိုက် ရွာလိုက်တော့
တောထလာတာက လောဘတွေ။
ပြီးတော့ မီးလို ဓားလို အတ္တတွေ ဟုန်းဟုန်း တောက်နေတဲ့ အသီးတွေသီးတယ်။
အာဃာတ တွေ ငရဲပန်းလိုပွင့်တယ်။
လူ့အခွင့်ရေးဟာ ယနေ့ခေတ်ရဲ့ ရောင်းတန်းဝင် စကားလုံး။
ဒါပေမယ့် တခါပြောတိုင်း ကလေးမတယောက်ရဲ့ အသားစိုင်တွေ ပဲ့ ပဲ့ ပါသွားတယ်။

ဒီလိုပဲ မာရီယာ
ဒီနေရာမှာ ဒီလိုပဲ ဆူဝေလွန်းလှတယ်။
ဒီနေရာမှာ ဒီလိုပဲ တနပ်စားတွေ အလုပ်ဖြစ်လွန်းတယ်။
ဒီနေရာမှာ ဒီလိုပဲ ကိုယ့်အသားကိုယ် ဖဲ့စားကြလွန်းတယ်။
ဒီနေရာမှာ ဒီလိုပဲ ကောသလအိပ်မက်တွေ မှန်နိုင်လွန်းတယ်။

ဒီလိုပဲ မာရီယာ
ငါ့တစ်ကိုယ်စာ လမ်းကြောင်းလေးပေါ်မှာ ဖြေးဖြေးလျှောက်ရင်း နင့်ကိုပြောပြတာ။
အ မှန် တ ရား ဆို တာ နာ ကျင် စ ရာ ကောင်း တယ် ။ ။

#ကွန်းဇော်_အညာမြေ
(မတ် ၅၊ ၂၀၁၄)

Tuesday, May 3, 2016

သီချင်းဟောင်းဟောင်း အတိတ်ဟောင်းဟောင်း

မနေ့က Valen Hsu – Lei Hai သီချင်းကို ရှယ်ထားခဲ့တာ Memory မှာ တက်လာတော့ ...
ဟိုသတိရ ဒီသတိရ ...
ဘာရယ်မဟုတ်ပေမယ့် အားလုံးအဆင်ပြေမယ် ထင်ပါတယ်...

Saturday, April 30, 2016

Last day @BOOM

ဒီနေ့ BOOM မှာ နောက်ဆုံးအလုပ်လုပ်တဲ့ ရက်
အလုပ်စားပွဲကို ဓာတ်ပုံရိုက်
လက်ဖက်ရည်ဆိုင်သွားတဲ့လမ်းကို ဓာတ်ပုံရိုက်
Facebook ပေါ်တင်
စိတ်မကောင်းဖြစ်နေတဲ့ တပည့်တွေကို နှုတ်ဆက်
ငါ ... ငြိမ်းငြိမ်းချမ်းချမ်းဘဲ အိမ်ကိုပြန်ခဲ့တယ်။

Friday, April 29, 2016

ကားတိုက်မိခြင်း ~ မျိုးကျော့မြိုင်

တိတ်ဆိတ်လွန်းတဲ့ ခဏ ...
တိုးတိုးလေး အသံကြား ...
ဘာမှ မရှိမှန်း သိတယ် ...
ဒါပေမယ့်လည်း ...

ကားတိုက်မိခြင်း ~ မျိုးကျော့မြိုင်

Thursday, April 28, 2016

ဒီနေ့ရေးမိတဲ့ ကဗျာလေး

နေကလည်း အတော်ပူ
ကားတွေကလည်း ကျပ်
ဒေါသကို လူတွေဟာ ဖက်တွယ်ကြ
စိတ်အေးအေး မထားနိုင်ကြဘူးလား?
အဲ့မေးခွန်းကို မေးချင်နေခဲ့မိ
အမြင်ကပ်ကပ်နဲ့
ငါ ...
ဟံသာဝတီအဝိုင်းကို
၃ ပတ် ပတ်ခဲ့တယ်။

3 Wise Monkeys

Wednesday, April 27, 2016

Miss U old Luv

ဒီနေ့က စပြီး ပြန်ရေးပါ့မယ်
Facebook မှာ ရေးရင် အထင်လွှဲခံရတာတွေ များများလာတယ်ကွယ်
မလွတ်လပ်ဘူး
ကိုယ့် blog မှာ ကိုယ်ရေးတာက ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုတာ သေချာတယ်လေ
မထိခိုက်အောင်တော့ ရေးရမှာပေါ့....