ဒီလိုပဲ မာရီယာ
အမှန်တရားဆိုတာ နာကျင်စရာကောင်းတယ်။
လူအုပ်ကြီးရဲ့ အော်ဟစ်သံ အဆုံးမှာ
ခရစ်တော်ရဲ့ လက်ဖဝါးပြင်တွေကို
သံချောင်းတွေ ဖောက်ဝင်သွားကြတယ်။
ပူပန်တတ်သူတွေ အဟားခံရပြီး မြင်းရုပ်ကြီး ထရိုဂျိ်မြို့ထဲ ရောက်လာတယ်။
ဆိုကရေးတီး အဆိပ်တစ်ခွက်မော့သောက်တယ်။
ဘရူးတပ်ရဲ့ စကားကို လူတွေလက်ခုပ်တီးကြတယ်။
ကင်းဝန်မင်းကြီး အတွက် ထမီတစ်ထည် ပြုတ်ကျလာတယ်။
ဒီလိုပဲ မာရီယာ
ဆောင်းကုန်တိုင်းနွေ မရောက်တတ်တာကို ရှင်းပြဖိုု ့ကြိုးစားတိုင်း
ငါ အလယ်ခေတ်ရဲ့ စုန်းကဝေပဲ ဖြစ်ခဲ့တယ်။
နီးနီးလေးနဲ့ဝေးတဲ့ကြား ပွဲစားတွေက ၀င်ကစားတော့
မနက်ဖန် ပေါက်စျေးက ခန့်မှန်းရပ်ိုခက်လာတယ်။
သုတေသနရလာဒ်တွေက
တားမြစ်ဆေးသုံးထားတယ်။
ဒီလိုနဲ့ ရေဒီယိုထဲက စကားလုံးတွေ
ငါ့ဘေးနားကလူရဲ့ပါးစပ်ကထွက်လာတယ်။
ဒီမိုကရေစီ တပြိုက် နှစ်ပြိုက် ရွာလိုက်တော့
တောထလာတာက လောဘတွေ။
ပြီးတော့ မီးလို ဓားလို အတ္တတွေ ဟုန်းဟုန်း တောက်နေတဲ့ အသီးတွေသီးတယ်။
အာဃာတ တွေ ငရဲပန်းလိုပွင့်တယ်။
လူ့အခွင့်ရေးဟာ ယနေ့ခေတ်ရဲ့ ရောင်းတန်းဝင် စကားလုံး။
ဒါပေမယ့် တခါပြောတိုင်း ကလေးမတယောက်ရဲ့ အသားစိုင်တွေ ပဲ့ ပဲ့ ပါသွားတယ်။
ဒီလိုပဲ မာရီယာ
ဒီနေရာမှာ ဒီလိုပဲ ဆူဝေလွန်းလှတယ်။
ဒီနေရာမှာ ဒီလိုပဲ တနပ်စားတွေ အလုပ်ဖြစ်လွန်းတယ်။
ဒီနေရာမှာ ဒီလိုပဲ ကိုယ့်အသားကိုယ် ဖဲ့စားကြလွန်းတယ်။
ဒီနေရာမှာ ဒီလိုပဲ ကောသလအိပ်မက်တွေ မှန်နိုင်လွန်းတယ်။
ဒီလိုပဲ မာရီယာ
ငါ့တစ်ကိုယ်စာ လမ်းကြောင်းလေးပေါ်မှာ ဖြေးဖြေးလျှောက်ရင်း နင့်ကိုပြောပြတာ။
အ မှန် တ ရား ဆို တာ နာ ကျင် စ ရာ ကောင်း တယ် ။ ။
#ကွန်းဇော်_အညာမြေ
(မတ် ၅၊ ၂၀၁၄)

No comments:
Post a Comment